ချမ်းအေးသာစံ မတ် ၂၉
၁၃၈၅ ခုနှစ် (၂၀၂၄ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၈ ရက် နေ့လယ် ( ၁၂) နာရီက ကျင်းပစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ စာဖြေဌာန (၁၀) ခုတွင် ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ (၁) ဘာသာရပ်ကို သံဃာတော်၊ သီလရှင် (၂၅၆၃)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
၁၃၈၅ ခုနှစ်(၂၀၂၄ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဖြေဆိုရန် စာရင်းရှိ ၃၁၀၁ ပါး၊ ဖြေဆို ၂၅၆၃ ပါး၊ ပျက်ကွက် ၅၃၈ ပါး၊ ဖြေဆိုရာခိုင်နှုန်း ၈၂.၆၅ ဖြစ်ပြီး ဧပြီလ(၅) ရက်နေ့အထိ ကျင်းပစစ်ဆေးသွားမည်ဖြစ်သည်။
အဆိုပါ စာမေးပွဲများအား စာဖြေဌာနအလိုက် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ အထူးကြီးကြပ်ဆရာတော်များမှ ကြီးကြပ်၍ သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)