ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် ရေစီးရေလာကောင်းမွန်ရေးအတွက် AE ဦး ဟန်ကျင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် အင်းစိန်ခုံး ကျော်တံတားအောက် Box Culvert အပြီးသတ် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်နှင့် ကသွယ်ချောင်း မြောင်းဖော်ခြင်းလုပ်ငန်းခွင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက် နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းများနှင့်အညီ အမြန်ပြီးစီးရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာန ဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)