လားရှိုးဒေသထွက် စတော်ဘယ်ရီသီးများ  သစ်သီးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး ဈေးကောင်းရလျက်ရှိ

လားရှိုး မတ်လ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စိုက်ပျိုးဖြစ်ထွန်းသည့် စတော်ဘယ်ရီသီးများ ဈေးကွက်အတွင်း ရောင်းချနေပြီဖြစ်ပြီး ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။

စတော်ဘယ်ရီသီးများကို လားရှိုးမြို့တွင် ရပ်ကွက် ၁၀ ရေခြံနှင့် မန်အိုင်ကျေးရွာ၊ ဟူးမွန်ကျေးရွာ၊ မန်နားကျေးရွာတို့တွင် စိုက်ပျိုးဖြစ်ထွန်းပြီး ဈေးကွက်တွင် ရောင်းချကြကြောင်း သိရသည်။

“ စတော်ဘယ်ရီသီးက လားရှိုးမှာဆိုရင် သင်္ကြန်ကာလနားနီးရင် အများဆုံးထွက်တဲ့အချိန်ပေါ့။ အခုက တခြားနယ်မြို့တွေက စတော်ဘယ်ရီသီးတွေ သိပ်မရောက်တော့ ဒီဒေသထွက် စတော်ဘယ်ရီသီးတွေပဲ အဓိကထားပြီးရောင်းချကြပါတယ်။ ” ဟု စတော်ဘယ်ရီစိုက်ပျိုးသူတစ်ဦးက ဆိုသည်။ လားရှိုးမြို့တွင် စတော်ဘယ်ရီတစ်ခြင်းလျှင် ခုနှစ်ထောင်ကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး )