မုဒုံမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ စတင်ဖြေဆို

မုဒုံ  မတ် ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂) နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ စတင်ကျင်းပလျက်ရှိသည်။

ဓမ္မာစရိယစာမေးပွဲကို မုဒုံစာဖြေဌာနတွင် သံဃာတော်(၁၃၉)ပါးနှင့် သီလရှင်(၂၀)ပါး ဝင်ရောက် ဖြေဆိုရန် စာရင်းပေးထားပြီး ပထမနေ့ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာကို ဖြေဆိုသံဃာ (၁၁၇)ပါး၊ သီလရှင် (၂၀)ပါး ပျက်ကွက်သံဃာ (၂၂) ပါးရှိ၍ စာမေးပွဲများကို မြို့နယ်သံဃနာယက ဩဝါဒစရိယဆရာတော်ကြီး (၁၈)ပါးမှ ကြီးကြပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များမှ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဋ္ဌက ထာ ကျမ်းရင်း(၃)ကျမ်း၊ ပါဠိဂုဏ်ထူး၊ မြန်မာဂုဏ်ထူးနှင့် ပါဠိပထမပြန်တွင် (ကြီး၊ လတ်၊ငယ်၊မူ)တန်းများ စာမေးပွဲတို့ကို သတ်မှတ်ရက်များအလိုက် ဘာသာရပ်များအား ()ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)