မြစ်သား မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ မြစ်သားမူလတန်းကြိုကျောင်းနှင့် မိဘဆရာအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြစ်သားမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊လူမှုဝန်ထမ်းဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ မြစ်သားမြို့မူလတန်းကြိုကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာဝင်း၊ မိဘဆရာအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရင်သွေးငယ်လေးများအား မူလတန်းကြိုကျောင်း ပညာသင်ယူပြီးစီး၍ ကျောင်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ သည်။ ဆက်လက်၍ သားငယ်သမီးငယ်လေးများမှ ပဒေသာအကများဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာသင်္ကြန်အကများဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)