ဇေယျာသီရိ နိုဝင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲ ကျင်းပနေစဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ရေးသုံးပစ္စည်းများပေးအပ်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ရုံးမှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ Exam glove အခု ၄၁၀၀ခု၊ Surgical Gown ၇၄၀ခု၊ Medical cap ၃၇၀ခု၊ PPE (cover all) ၃၇၀ခု၊ Protective face Mask ၃၇၀ခု၊ Goggles ၃၇၀ခု၊ Surgical Glove ၃၇၀စုံ၊ Boots ၃၇၀စုံ၊ Boots Cover ၃၇၀စုံ၊ Hand Spray ၂၉ဖာ-၁၄ဘူး၊ 95 Mask ၄၈ဖာ-၁၃ထုပ်နှင့် Face Shield ၃၇၀ခု စုစုပေါင်း ၁၂မျိုးတို့ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း (ပြန်/ဆက်)