လသာမြို့နယ်၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်‌သင်ကြားပေး

လသာ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊​နွေရာသီအားကစားသင်တန်းကို အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း အားကစားခန်းမတွင် လသာမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားသင်တန်းများဖွင့်လှစ်သင်ကြားပေးသည့် အားကစားနည်း(၃)နည်းမှာ ဘက်စကတ်​ဘောကစားနည်း၊ တိုက်ကွမ်ဒိုကစားနည်း၊​ဘောလုံးကစားနည်းများတို့ဖြစ်ကြောင်း သိရသည်။

အားကစားသင်တန်းများကို တစ်လကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး လသာမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ စုစုပေါင်း(၁၆၀)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့သင်တန်းများဖွင့်လှစ်သင်ကြား​ပေးခြင်းဖြင့် ​နွေရာသီကာလတွင်​ကျောင်းသားလူငယ်များစိတ်အပန်း​​ဖြေ​စေရန်၊​ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်​စေရန်နှင့် ပူး​ပေါင်း​ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိ​စေရန်ဖြစ်​ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်မြနှင်း​ထွေးထံမှ သိရသည်။

နန်းသဲနု​အောင်(လသာပြန်/ဆက်)