မရမ်းကုန်း မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အယျခေမာနန္ဒိ(ပူတာအို)ရေးသားထားသည့် “နိဗ္ဗာန်ဆိုတာဒီလိုပါလား” စာအုပ်ဖြင့် စာပေဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)ဒုဥက္ကဋ္ဌ ဆရာမြတ်စိုးလှိုင်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြောင်းမြဆရာတော်ဦးဝိနယက စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာတော်မှ မရမ်းကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်နှင့် တက်ရောက်လာသည့် မြို့နယ်စာရေးဆရာများ၊ ဧည့်သည်တော်များကို ဆရာတော် ရေးသားထားသော “နိဗ္ဗာဆိုတာဒီလိုလား” စာအုပ်များကို စာအုပ်တစ်အုပ်စီ လက်ဆောင်ပေးခဲ့ပြီး စာအုပ်မိတ်ဆက်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
ယဉ်မော်(ပြန်/ဆက်)