ဝမ်းတွင်းမူလတန်းကြိုကျောင်း၌ ကလေးငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အလေးထား သင်ကြားပေး

ဝမ်းတွင်း  မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် မူလတန်းကြိုကျောင်း၌ ကလေးငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားမှုဆိုင်ရာများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်ဝေဝေကျော်ထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ် မူလတန်းကြိုကျောင်းတွင် ကလေးငယ်များ ဘဏ်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ECCD ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ မူလတန်းကြိုကျောင်း၏ အဓိပ္ပါယ်နှင့်မူလတန်းကြိုကျောင်း ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များ၊ ကလေးဖွံ့ဖြိုးမှုဆိုင်ရာ(၅)ရပ်၊ တေးဂီတဖြင့် သင်ကြားနည်း၊ အားကစားဆိုင်ရာများ၊ ဆေးရောင်ချယ်ပန်းချီရေးဆွဲခြင်းများကို နေ့စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ဝမ်းတွင်းမူလတန်းကြိုကျောင်းအနေဖြင့် ကလေးငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးဖွံ့ဖြိုးမှုဆိုင်ရာ(၅)ရပ်နှင့်အညီ သင်ခန်းစာများအား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)