မိုင်းတုံမြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိ

မိုင်းတုံ မတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဈေးဆိုင်များ၌ ယ​နေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်​ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြီးကြပ်​ဆောင်ရွက်‌ရာတွင် မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်၍ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်စည်ပင်သာယာ​ရေးမှ အမှုဆောင်အရာရှိ ‌ဦးဌေးဒမ်း၊ မြို့နယ်မီးသတ်၊ မြို့နယ်စိုက်ပျိုး‌ရေး၊ မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ မြို့ပေါ်ရှိဈေးဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်၍ အခြေခံစားသုံးသူ​များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်‌ဆောင်ရွက်ခြင်း၊ ​ရောင်းချ​သော ​စျေးသည်များအ‌နေဖြင့် သင့်‌လျော်သော‌ ဈေးနှုန်းဖြင့်သာ ရောင်းချပေးစေလိုခြင်း၊ အမြတ်ကြီးတင်၍ မိမိတဖက်တည်းကြည့်ပြီး မ‌ရောင်းချပဲ နှစ်ဦးနှစ်ဖက်မျှတသည့်အမြင်ဖြင့်‌ ရောင်းချပေးသွားရန်‌ ဈေးဆိုင်တိုင်းကို ကြီးကြပ်မှာကြားခဲ့​ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)