လယ်ဝေး မတ် ၂၇
အခြေခံပညာကျောင်းများရှိ ဘာသာပြဆရာ/ဆရာမများ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်စနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသည့် စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဘာသာပြဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို မတ် ၂၅ ရက်မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမ ၂၂၃၅ ဦး သင်တန်းနည်းပြ ၁၇၈ ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး သင်တန်းများကို လယ်ဝေးမြို့ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မတ်လ ၃၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်( ပြန်/ဆက်)