မက်မန်းမြို့၌ (၃၅)နှစ်မြောက် မြို့တည်ခြင်းအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့် ဆု‌ပေးပွဲအခမ်းအနား ကျင်းပ

မက်မန်း မတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် (၃၅)နှစ်မြောက် မြို့တည်ခြင်းအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်လွဲပိုင်းအချိန်က မက်မန်းမြို့၊ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မော်ဖအသင်းနှင့် အောင်သံလွင်အသင်းတို့သည် ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရာ မော်ဖအသင်းက အောင်သံလွင်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲအား ဆက်လက်ကျင်းပခဲ့ရာ (၃၅)နှစ်မြောက် မြို့တည်ခြင်းအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် မြို့နယ်အားကစားပြိုင်ပွဲကျင်းပရေးကော်မတီတို့က ဆုများပေးအပ်ခဲ့ကြသည်။

မက်မန်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ ဘောလုံးအားကစားသမားများသည် အသင်းသားအချင်းချင်း စည်းလုံးစွာဖြင့် နေ့ထူးနေ့မြတ်အလိုက် အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ်အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

စောဉမ္မာ(ခရိုင်၊ပြန်/ဆက်)