နောင်ချိုမြို့ တိပိဋက ကမ္ဘောဇကျောင်းတော်၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပူဇော်ပွဲနှင့် စိန်ရတု (၃) ထပ်ကျောင်းဆောင် ရေစက်ချသွန်းလှူပွဲကျင်းပ

နောင်ချို မတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် နောင်ချိုမြို့နယ် တိပိဋကကမ္ဘောဇကျောင်းတော် တောင်းခမ်းဒေသ၊ နားရှိုးရွာ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပူဇော်ပွဲကို တိပိဋက ကမ္ဘောဇကျောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်လာကြသော ဒါယကာ၊ ဒါယိကာမများ၊ ဧည့်ပရိသတ်များက တိပိဋက မော်ကျွန်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး အပူဇော်ခံ ဆရာတော်ကြီးများမှ ဩဝါဒစကားချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် နိုင်ငံတော်၏ (၁၄) ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ကမ္ဘောဇဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ အရှင်သူမြတ်က ရေစက်ချတရားချီးမြှင့်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အပူဇော်ခံဆရာတော်ကြီးများအဖြစ် တိပိဋက မော်ကျွန်းဆရာတော်၊ တိပိဋက ရွှေရတုမြင်းမူဆရာတော်၊ တိပိဋက စွန်းလွန်းဆရာတော်၊ တိပိဋက ရမ္မဝတီဆရာတော်၊ တိပိဋက ဘုတလင်ဆရာတော်၊ တိပိဋက ကမ္ဘောဇဆရာတော်၊ တိပိဋက ကျောက်ပန်းတောင်းဆရာတော်၊ တိပိဋက ကောဝိဒ မြင်းမူဆရာတော်ကြီးများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ  တက်ရောက်ခဲ့ကြပြီး ဆရာတော်ကြီးများအာ ဒါယကာ၊ ဒါယိကာမများက သိမ်ဆင်းလောင်းလှူ ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်၊ ပြန်/ဆက်