နိုင်ငံတော်အစိုးရ ကြီးမှူးကျင်းပသော ပါဠိပထမပြန် စာမေးပွဲအောင်သံဃာများအား စာအောင်ဆုနှင်းသဘင် ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရမည်းသင်း မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ နိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုချီးမြှင့် ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရမည်းသင်းမြို့ရန်အောင်မြင် သာသနာ့ဗိဗ္မာန်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသည့် ဆရာတော် အရှင်သူမြတ်များ၊ စာအောင် သံဃာတော်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ  ရမည်းသင်းမြို့ရန်အောင်မြင်ကျောင်း ဆရာတော် ဘဒ္ဒန္ထသာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို ဧည့်ပရိသတ်များမှ နာယူခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ လွတ်လပ်ရေးနေ့ နိုင်ငံတော်အစိုးရမှ သဒ္ဒမ ဇောတိကတဇ ဘွဲ့တံဆိတ် ချီးမြှင့်ခံရသည့် ရမည်းသင်းမြို့ကျောင်းတိုက်စု ရပ်ကွက်ရှိ လေသာ အရှေ့ကျောင်းဆရာတော် ဘဒ္ဒန္ဒ ဇောတိကနှင့် ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ချီးမြှင့် ခံရသည့် ရမည်းသင်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာ ဓမ္မအောင်လံ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္ဒအာစိဏ္ဏ၊ သံယုတ္တနိကာယ ဝိဓူဘွဲ့ရ ဆရာတော် သရက်ပင်ကျောင်း မှ ဘဒ္ဒန္ဒ ပညာသာမိ  ဆရာတော်ကြီး(၃)ပါး ကို ဂုဏ်ပြုပူးဇော်ကတောကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး (၂၀၂၃)ခုနှစ်၊ နိုင်ငံတော်အစိုးရ ကြီးမှူးကျင်းပသော ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များကို အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများနှင့် အလှူရှင်များမှ အသီးသီး ချီးမြှင့်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သံဃာနာယကဝန်ဆောင် ရန်အောင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္ဒနန္ဒောဘာသထံမှ ရေစက်ချ အနုမောဒန တရားတော်နာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အစိုးရ ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲ ရမည်းသင်းစာစစ်ဌာန အောင်မြင်သည့် သံယုတ္တ နိကာယဝိဒူ ဘွဲ့ရတစ်ပါး၊ ပထမကြီးတန်းအောင်(၁၇)ပါး၊ ပထမလတ် တန်းအောင် (၁၇)ပါး၊ ပထမငယ်တန်းအောင် (၅၄) ပါး၊ အခြေပြုမူလတန်းအောင် (၅၀)ပါး စုစုပေါင်း (၁၃၈)ပါး အောင်မြင့်ခဲပြီး၊ နိုင်ငံတော်အစိုးရမှ ဆပ်ကပ်သည့် ဘွဲ့တံဆိပ်ရဆရာတော် နှစ်ပါးအား တစ်ပါး (၃) သိန်းကျပ်၊ သံယုတ္တိ နိကာယဝိဓူ တစ်ပါး တစ်သိန်းငါးသောင်းကျပ်၊ ပင့်သံဃာ (၃၀)ပါး အားတစ်ပါးလျှင် (၅၀၀၀၀)ကျပ်၊ စာအောင်သံဃာတော်များ ဖြစ်ကြသည့် ပထမကြီးတန်းအောင် သံဃာတစ်ပါး ကျပ်တစ်သိန်း၊ ပထမလတ်တန်း အောင်သံဃာ တစ်ပါး (၈၀၀၀၀) ကျပ်၊ ပထမငယ်တန်းအောင် သံဃာတစ်ပါး (၆၀၀၀၀) ကျပ်၊ အခြေပြုမူလတန်းအောင် သံဃာတစ်ပါး (၄၀၀၀၀) ကျပ်ဖြင့် ဆက်ကပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်း ဆုဆက်ကပ်ချီးမြှင့်ငွေ (၁၀၅၅၀၀၀၀)ကျပ်ဖြစ်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)