ခိုလမ် မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဌာနတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇင်မင်းဦးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာန မြို့အင်ဂျင်နီယာဦးအောင်ဝေယံဖြိုးတို့ပူးပေါင်း၍ ပွင့်လင်းရာသီရောက်ရှိလာသဖြင့် မိမိတို့၏ရုံးဌာနတွင် မီးလောင်မှုဖြစ်ပေါ်လာပါက အရေးကြီးရုံးဌာနပိုင်ပစ္စည်းများ၊ စာရွက်စာတန်းများ ပျက်စီးဆုံးရှံးမှု မရှိစေရန် မီးသတ်ဦးစီးမှူးမှ မီးလောင်ကျွမ်းလျှင် ဆောင်ရွက်ရမည့် မီးငြှိမ်းသတ်မှုများနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး မြို့လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဌာန ဝန်ထမ်းများမှ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)