ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ စုပေါင်းသွေးလှူဒါန်း

ပြင်ဦးလွင် မတ် ၂၇   

ပြင်ဦးလွင်မြို့ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသော လူနာများအတွက် လိုအပ်သည့် သွေးများရရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ စုပေါင်း သွေးလှူဒါန်းမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ (၃၇) ဦးတို့က သွေးလှူဒါန်း ကြပြီး အဆိုပါ သွေးလှူဒါန်းမှုများကို ပြင်ဦးလွင်မြို့ ခုတင် (၃၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး နှင့် ပြင်ဦးလွင်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် ကြက်ဥ၊ အားဆေး ၊ ဓာတ်ဆားမှုန့် နှင့် အာဟာရအချိုရည်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)