မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မိုင်းယုမြို့၌ ပြည်သူ့စစ်မှုထမ်း ဉပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေး

မိုင်းယု မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချို တို့လိုက်ပါ၍ ယမန်နေ့က မိုင်းယုမြို့၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးခြင်း၊ ထွေ/အုပ်ရုံးလုပ်ငန်းများနှင့် နေအိမ်လိုင်းခန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မိုင်းယုမြို့ထွေ/အုပ်ရုံး မြို့အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ချပြရှင်းလင်းခြင်းကိုလည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုသည် အမှုထမ်းများအား သင်္ကြန်မုန့်ဖိုး ကျပ်ငါးသောင်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ရုံးလုပ်ငန်းများနှင့် နေအိမ်လိုင်းခန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်ဇနီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့သည် မိုင်းယုမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့မိမြို့ဖများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ချပြရှင်းလင်းခြင်းကိုဆောင်ရွက်ခဲ့ရာ မြို့မိမြို့ဖများက သိရှိလိုသည့်အချက်များအား ပြန်လည်ဆွေးနွေးမေးမြန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အကျယ်တဝင့် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အားချာ