မိုင်းခတ် မတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့်ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယမန်နေ့နေ့လယ်ပိုင်းက မိုင်းဟန်ကျေးရွာအုပ်စု၊ ဟာကြားအက်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) စစ်ဦးစီးမှူး(ဒုတိယတန်း) (စစ်ဆင်ရေး/စစ်ဘက်ရေးရာလုံခြုံရေး) ဗိုလ်မှူးချမ်းငြိမ်းအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းတို့က ကျေးရွာနေပြည်သူများအားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့်ဆိုးကျိုးများ၊ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ အသက်(၁၀)နှစ်အထက်ရှိသူများအား အီလက်ထရောနစ် စနစ်ဖြင့် ဇီဝအချက်အလက်များကောက်ယူနေမှုများ၊ စပါး၊ ပြောင်းများ ပိုးကျပါက ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ ကော်ဖီပျိုးပင်များကို မြို့နယ်စိုက်ပျိုးရေးဌာနတွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ ကျွဲ၊ နွား၊ ကြက်၊ဝက်မွေးမြူရာတွင် ရောဂါကူးစက်မှုမှကာကွယ်ရေး၊ သတင်းအမှားအမှန် ခွဲခြား နိုင်ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ဆောင်ရန်အချက်များကို မြန်မာဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော မိုင်းဟန်ကျေးရွာအုပ်စု၊ ဟာကြားအက်ကျေးရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြ ဆွေးနွေးရာသက်ဆိုင်ရာ ကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)