မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

မိုင်းယု မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့က မိုင်းယုမြို့၌ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများနှင့် ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေရဲစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်း၊ မြို့နယ်လူမှုဝန်ထမ်းမှ တာဝန်ရှိသူများ၊ မြို့နယ်/မြို့အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့သည် မိုင်းယုမြို့၊ မြို့မရပ်ကွက်တွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေ(၃)သိန်းနှင့် ပစ္စည်းများကို ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အမျိုးသမီးများ ဖွံ့ဖြိုတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အားချာ