တနိုင်းမြို့နယ်တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ

တနိုင်း မတ် ၂၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံမီးသတ်သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီက ပုန်ခုန်းရပ်ကွက်ရှိ ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနိုင်းမြို့နယ်မီးဘေးလုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး‌မှူး ဦးအောင်စိုး က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ သင်တန်းကာလမှာ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ ၂ ပတ်ကြာ ဖြစ်လှစ် မည်ဖြစ်ပြီး နေ့စဉ် ညနေ ၄ နာရီမှ ၅ နာရီအထိ သင်တန်းသား (၅၁) ဦးဖြင့် ဖွင့်လှစ် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မနောမြေ(ပြန်/ဆက်)