မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မင်္ဂလာတောင်ညွန့်   မတ်    ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကလေးငယ်များစာကြည့်တိုက်တွင် မွေ့ပျော်စေရန်နှင့်ထီထွင်ကြံဆမှုများ တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကလေးများစိတ်ဝင်စားမည့် ကာတွန်းရုပ်ပုံများကို ရောင်စုံခဲတံများအသုံးပြုကာ ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကလေးငယ်(၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ပြီး သေသပ်စွာအကောင်းဆုံးရေးခြယ်နိုင်သူများကို ဆုလက်‌‌ဆောင်များ ‌ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)