တွံတေး မတ် ၂၆
၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်နေ့၌ ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် (၁၀) နာရီအချိန်က လူစည်ကားရာနေရာများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင်ဆောင်းပါး၊ စာရေးဆရာ မျိုးမြတ်မြတ်မြင့်မောင်၏ “ဆက်၍ချီပါတပ်မတော်” ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များပါရှိကြောင်း သိရှိရသည်။
တွံတေးသား