ကွမ်းခြံကုန်း မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန့်ဆွေနွယ်ဦး (ဦးစီးအရာရှိ) က ကျောင်းသား/ သူ လူငယ်လူရွယ်များအား ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရန်ဥပဒေနှင့် ပြစ်မှု/ ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် ကလေးများ အတွက်အကာအကွယ်ပေးထားသည့် ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ အလုပ်ရုံးများ၌ ကလေးအလုပ်သမားများ၏ အလုပ်အချိန်သတ်မှတ်ထားမှုများ၊ ကလေးအလုပ်သမားများကို ဥပဒေမဲ့အလုပ်ခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သည့် ဥပဒေများ၊ ကလေးအလုပ်သမားများသည် အလုပ်ခွင်၌ အချိန်ပြည့်နီးပါး အလုပ်လုပ်ကြရသဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ မလွဲမသွေခံစားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်၍ ကာကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှူခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)