ဒလ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အမှတ်ရစေရန်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြပွဲတွင်ပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
မြင့်ဇော် (ပြန်/ဆက်)