ကွမ်းခြံကုန်း မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အ.ထ.က (၁) သီရိရတနာကျောင်းခန်းမ၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ကင်းထောက်လူငယ်များမှ ပြည်သူ့အတွက် အဆင်သင့်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တွံတေးခရိုင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲပါသည်။ ဆက်လက်၍ ကင်းထောက်သင်တန်းနည်းပြ ဦးစိုးမိုးနိုင်က ကင်ထောက်သင်တန်းနှင့် ပတ်သက်၍ လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြကာ ပရိုဂျက်တာဖြင့် ကင်းထောက်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား ပြသခဲ့သည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင်များ၊ ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်း ဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦးတွင် ကွမ်းခြံကုန်းမြို့နယ် (၃၀) ဦး၊ ကော့မှူးမြို့နယ် (၁၀) ဦး၊ စုစုပေါင်း (၄၀) ဦး တက်ရောက်ပြီး သင်တန်းအားမတ်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆွေနွယ် (ပြန်/ဆက်)