မိတ္ထီလာ မတ် ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အခြေခံပညာအလယ်တန်းအဆင့် ဆရာ၊ဆရာမများ စွမ်းရည်မြင့်မာရေး မြို့နယ်အဆင့်သင်တန်းကို အ.ထ.က(၂) တွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ဆရာ၊ဆရာမ ၆၉၉ ဦးတက်ရောက်ပြီး နည်းပြ ၄၂ ဦးက သက်ဆိုင်ရာဘာသာရပ်များအလိုက် နံနက် ၉ နာရီ အချိန်မှ ညနေ ၄ နာရီအချိန်အထိ စာသင်ခန်းများအလိုက်ဆွေးနွေးပို့ချသည်။ သင်တန်း ကာလကတော့ မတ်လ ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဖြစ်ပါတယ်။ မနက်ဖြန် တပ်မတော်နေ့ သင်တန်း တစ်ရက်တာ ပိတ်ပြီးသင်တန်းကာလ ၅ ရက်တာဖွင့်လှစ်ပို့ချတာဖြစ်ပါတယ်ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါသင်တန်းအား အခြေခံပညာ အလယ်တန်းဆင့်သင် လုပ်ငန်းခွင်ဝင်စ ဆရာ၊ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် အခြေခံပညာအလယ်တန်းဆင့်ကို အရည်အသွေး ပြည့်ပြည့်ဝဝကျွမ်းကျွမ်းကျင်ကျင် သင်ကြားနိုင်စေရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။
ချမ်းသာ