ပုသိမ်ကြီး မတ် ၂၆
ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးရာတွင် ရုံးခန်းများ၊ စာကြည့်တိုက်၊ community centre ခန်းမတို့အား ကြည့်ရှုစစ်ဆေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးခပ်၊ စသည့်တို့အား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပြီး၊ လိုအပ်သည်များကို ပြောကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည်။ မြို့နယ်အတွင်းရှိ ကျန်ရှိသေးသည့် ဌာနဆိုင်ရာရုံးများအား ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်