လသာ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လသာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့်၊ အလယ်တန်းဆင့်ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဖောဇာက အမှာစကားပြောကြားရာတွင် ပညာရေးဆိုင်ရာ အချက်အလက်များ၊ သင်တန်းဆိုင်ရာအချက်အလက်များနှင့် ယနေ့ဆွေးနွေးပို့ချသည်များကို သေချာစွာမှတ်သားကြစေလိုပါကြောင်း၊ သင်တန်းသား/ သူများ သင်တန်းသို့ အချိန်မှန်ရောက်ရှိရေး၊ ယူနီဖောင်းဝတ်ဆင်ရေး၊ သင်တန်းစည်းကမ်းအတိုင်း နေထိုင်ဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာ မွန်းမံသင်တန်း ဆွေးနွေးပွဲကို ပြုလုပ်ရာ မြို့နယ်ပညာရေးမှူးမှ လိုအပ်သည်များကို မှာကြားခဲ့သည်။ မူလတန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို သင်တန်း သား /သူ (၂၇) ဦးအား နည်းပြဆရာ (၂) ယောက်ဖြင့်စာသင်ခန်း (၁) ခန်းတွင် သင်ကြားပို့ချပေးမှာဖြစ်ပြီး အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာ မွန်းမံသင်တန်းကို သင်တန်းသား/ သူ (၃၀) ဦးအား သင်တန်းနည်းပြ (၆) ဦးမှ စာသင်ခန်း (၆) ခန်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၂၅-၃-၂၀၂၄ ရက်နေ့မှ ၃၀-၃-၂၀၂၄ ရက်နေ့ထိ သက်ဆိုင်ရာဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင် (ပြန်/ဆက်)