မိုင်းယုမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယု  မတ်  ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းအရာများ၊ ရပ်ကွက်နှင့်ကျေးရွာများရှိ စစ်မှုထမ်းရမည့် အသက်အရွယ်အလိုက် အကျုံးဝင်သူများ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ရှိ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အားချာ