မိုင်းယောင်းမြို့၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းစာမေးပွဲ ကျင်းပ

မိုင်းယောင်း  မတ်  ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ယမန်နေ့က နွေရာသီယဉ်ကျေးလိမ္မာသင်တန်းစာမေးပွဲကို ကျင်းပခဲ့ကြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် လူငယ်များအား ယဉ်ကျေးလိမ္မာပြီး ဘာသာသာသနာကို စောင့်ရှောက်တတ်သော သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအား နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း