တန့်ယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်

တန့်ယန်း မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲတွင် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းကို နည်းပြဆရာဆရာမ (၃၂)ဦးက ပို့ချပေးမှာဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၄၅၃)ဦး တက်ရောက်ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)