ကွတ်ခိုင် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိမဲရုံများ၌ အသုံးပြုမည့်မဲရုံသုံးကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထုတ်ပေးရာတွင် KN-95၊ Exam Glove၊ Face Shield၊ Coverall၊ N-95Mask၊ Google၊ Surgical Grown၊ Surgical Glasses နှင့် Boot အစရှိသည့် မဲပစ္စည်းအမျိုးအမည် စုစုပေါင်း(၁၀)မျိုးကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ထံသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးခဲ့သည်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ်အတွင်း နောက်ဆုံးကပ်ထား ကြေညာသည့် မဲဆန္ဒရှင်ပေါင်း(၁၂၉၀၀၀)ခန့်ရှိပြီး မဲရုံပေါင်း၁၃၄ရုံ လျာထားရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ကျေးရွာအုပ်စု(၄)အုပ်စုအား ရွေးကောက်ပွဲမကျင်းပနိုင်သည့် တည်နေရာအဖြစ် ကြေညာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
ကိုမိုင်း (ပြန်/ဆက်)