ဆံတော်ရှင်ဆုတောင်ပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) စေတီတော်ရှိ နောင်တော်ကြီးစေတီ‌တော်၌ တပေါင်းလပြည့်နေ့ ရွှေထီးတော်၊ ငှက်မြက်နား‌တော်၊ စိန်ဖူး‌တော်တင်လှူပူဇော်

ဒဂုံတောင် မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) စေတီတော်ရင်ပြင် မြောက်ဖက်မုခ်အနီးရှိ နောင်တော်ကြီးစေတီတော်အထွဋ်သို့ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့ (တပေါင်းလပြည့်နေ့) နံနက် ၉ နာရီက အဆိုပါစေတီရင်ပြင်၌ ဆင်ယင်ကျင်းပသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နောင်တော်ကြီးစေတီတော် တည်ဆောက်သည့် မြန်မာဗိသုကာပညာရှင်များက စေတီတော်ပြီးမြောက်ကြောင်း စာရွက်စာတမ်းများကို အလှူရှင်များအားပေးအပ်ရာ မြန်မာဗိသုကာပညာရှင်များကိုယ်စား ဦးသိန်းနိုင်က ပေးအပ်ခြင်း၊ စေတီတော်တည်ရာတွင် မပြည့်စုံမှု၊မှားယွင်းမှုများရှိပါက တောင်းပန်စာကို စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်က ဖတ်ကြားတောင်းပန်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊စိန်ဖူးတော် တင်လှူပူဇော်ခြင်းသို့ တရားတော်များနာကြားရန့်နှင့် အမျှအတန်းခံယူနိုင်ရန် သမ္မာဒေဝနတ်များအားဖိတ်ကြားခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဣန္ဒာဝံသထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ပရိတ်ချည်၊ ပရိတ်ပန်း၊ ပရိတ်ရေနှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား အလှူရှင်များက ဆရာတော်ဘဒ္ဓန္တဣန္ဒဝံသကို ဆက်ကပ်ခြင်း၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သာဓုအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချကြသည်။

ဆက်လက်၍ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊စိန်ဖူးတော်တို့ကို ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) နှင့် နောင်တော်ကြီးစေတီတော်တို့အား နတ်ဗြဟ္မာများခြံရံကာ လကျာ်ရစ်ပူဇော်ခဲ့ကြပြီး မဂ်လာအချိန်ကျရောက်သည့် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် နောင်တော်ကြီးစေတီအထွဋ်သို့ ရွှေထီးတော်ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို ဝိဇ္ဇာထွဋ်ခေါင်ကုသိုလ်ဖြစ် ရွှေထီးတော်တင်အဖွဲ့၏ ဝိဇ္ဇာထွဋ်ခေါင်နတ်ပန်းယာဥ်ပျံဖြင့် အလှူရှင်မိသားစုများ၊ (၇) ရက်သားသမီးများက တင်လှူပူဇော်ခဲ့သည်။ စေတီတော်အထွဋ်သို့ စိန်ဖူးတော်တင်လှူအပြီးတွင် အရံစေတီများကိုလည်း ရွှေထီးတော်များ တင်လှူပူဇော်သည်။

အဆိုပါ နောင်တော်ကြီးစေတီတော်သည် ဥာဏ်တော်အမြင့် ၂၇ တောင် ၊ လုံးပတ်တော် ၁၀၈ ပေ၊ ပန်းတင်ခုံ ၄ ပေရှိပြီး စေတီတော်ဂေါပကအဖွဲ့နှင့် ဂျပန်မယ်တော်ကြီး ဒေါ်လှမြင့်တို့ ဦးစီး၍ ပင်မမတည်အလှူရှင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၆ ရပ်ကွက် လှော်ကားလမ်းအမှတ် (၆/က)နေ ဘုရားဒါယကာကြီး ဦးရွှေစင်၊ ဇနီး ဘုရားဒါယိကာမကြီး ဒေါ်စန်းစန်းအေး မိသားစုတို့က ငွေကျပ်သိန်း (၆၀၀) နှင့် (၇) ရက်သားသမီးများက စုပေါင်းတည်ထားကိုးကွယ်ပူဇော်သည့် စေတီဖြစ်‌ကြောင်း သတင်းရရှိသည်။

သန်းသန်းအေး