နမ့်စန်တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆောင်ရွက်

နမ့်စန်(တ) မတ် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်စန်မြို့၊ အမှတ်(၄)ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးတင်ကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းခမ်းက ဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းကို နမ့်စန်ခရိုင်အတွင်းရှိ နမ့်စန်၊ မိုးနဲနှင့် ကွန်ဟိန်းမြို့နယ်တို့မှ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြများကက မတ်လ ၂၅ ရက်နေ့ မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)