ဟိုပုံး မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံ ပညာမူလတန်းကျောင်းတို့တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ အခြေခံပညာ(ထက်၊ လယ်၊ မူ)အဆင့် ဘာသာရပ်စွမ်းရည်မြှင်သင်တန်း ဆွေးနွေးပို့ချရခြင်းမှာ ဟိုပုံးမြို့နယ်အတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ရှိ ဆရာ၊ ဆရာမများအား သင်ကြားမည့် ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ၊ ဆရာမတို့၏ သင်ကြားမှုစွမ်းရည်မြင့်မားလာပြီး ကျောင်းသား၊ ကျောင်းသူများ၏ နားလည်မှုစွမ်းရည်သည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ အရည်အချင်းပိုမိုပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ ဟိုပုံးမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မတ်လ(၂၅)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ ဟိုပုံးမြို့နယ်အတွင်းရှိ ဘာသာရပ်အလိုက် တတ်ကျွမ်းသော ဆရာ၊ ဆရာမများမှ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)