နောင်ချို မတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အခြေခံပညာ(လယ်၊ မူ)အဆင့်ရှိ ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်ဖြင့် ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးသင်း၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ်၌ အခြေခံပညာ(လယ်၊ မူ) အဆင့် ဘာသာရပ်စွမ်းရည်ဖြင့် ဆွေးနွေးပွဲကို မတ်လ (၂၅)ရက်နေ့မှ (၃၀) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘာသာရပ်အလိုက် တက်ကျွမ်းသော ဆရာ၊ ဆရာမများမှ ဦးဆောင်ဆွေးနွေးကြကာ ဆွေးနွေးပွဲသို့ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၂၈၀)ဦး၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၅၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အခြေခံပညာ လယ်၊ မူအဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲကျင်းပရခြင်းသည် နောင်ချိုမြို့နယ်အတွင် (အလယ်တန်း၊ မူလတန်း)အဆင့်ရှိ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်စနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)