မိုင်းရယ်၌ မြို့နယ်အဆင့် အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်

မိုင်းရယ် မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ဒု-ပညာရေးမှူးက သင်တန်းနဲ့ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို နည်းပြ ၂၀ ဦးဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာအလယ်တန်းနှင့်မူလတန်းအဆင့် သင်တန်းသား ဆရာ/မ ၃၅၂ ဦးဖြင့် သင်တန်းကာလ မတ် ၂၅ ရက်မှ ၃၀ ရက်အထိ အလယ်တန်းအဆင့် ဘာသာရပ် ၆ ခု၊ မူလတန်းအဆင့် ဘာသာရပ် ၅ ခုကို သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဒုတိယပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးများနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် သင်တန်းသား ဆရာ/မများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မိုင်းရယ်(ပြန်/ဆက်)