ချီဖွေမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ချီဖွေ မတ် ၂၅

ကချင်ပြည်နယ်၊ ချီ‌ဖွေမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်း အဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ချီဖွေ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ခရိုင်ပညာရေးမှူး ဦးမွန်‌ကျော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးကြည်နွယ်က သင်တန်းဆိုင်ရာ လမ်းညွှန်မှုနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်ရာ ချီဖွေမြို့နယ် အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်ဆရာ၊ဆရာမ (၂၈) ဦးနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမ (၂၄၉) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၂၂) ဦးတို့က သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ခန်းစာများကို (၂၅-၃-၂၀၂၄) မှ (၃၀-၃-၂၀၂၄) ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)