ကွမ်းလုံ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၁)ခုမှ မဲရုံ(၅၈)ရုံအတွက် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း စုစုပေါင်း(၁၅)မျိုးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ စိစစ်ထုတ်ပေးခဲ့ကြောင်းနှင့် ကွမ်းလုံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၈၁၉၀)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)