ကွမ်းခြံကုန်းမြို့နယ် (မြို့မ) စျေး၌ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ကွမ်းခြံကုန်း မတ်လ၂၅

ရန်ကုန်တိုင််းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် (မြို့မ) ဈေးကြီး၌ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန် အသိပညာပေးအကြောင်းအရာများနှင့် ရေစက်ရုံ၊ ရေစက်မီးသတ်ပိုက်ငုပ်များ ကောင်းမွန်မှုအခြေအနေစစ်ဆေးခြင်း မီးသတ်ဆေးဗူးများ နေရာချထားတပ်ဆင်ထားမှုနှင့် ကောင်းမွန်းမှု ရှိ/ မရှိ သုံးစွဲနည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သန္ဓေမီးသတ်တပ်ဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက မီးငြိမ်းသတ်နည်းများ၊ မော်တော်ယာဉ်ဖြင့် ရေပက်ဖြန်းမီးငြိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဈေးသူ/ ဈေးသားများ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်