လားရှိုး နိုဝင်ဘာ ၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးနှင့် လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ တွေ့ဆုံပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်ရွှေက မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက်လာသော ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူးများနှင့် ဒုတိယရဲရုံမှူးများမှ သိရှိမေးမြန်းလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)