ချမ်းမြသာစည် မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၈၁ x ၄၅ လမ်းထောင့်ရှိ မဟာမြတ်မုနိဘုရားကြီး ပုရဝုဏ် အရှေ့ ၄၅ တာကွင်း၌ တပေါင်းမီးထွန်းပွဲတော် အခမ်းအနားကို ယမန်နေ့ ညနေ ၅:၅၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးထွန်းပွဲတော် အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် ဇနီး၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင်နှင့်ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် ဇနီး၊ စည်ပင်သာယာရေးရာ၀န်ကြီး ဦးကျော်ဆန်းနှင့် ဇနီး၊ စီးပွားရေးရာ၀န်ကြီး ဦးသိန်းဌေးနှင့်ဇနီး၊ သယံဇာတရေးရာ၀န်ကြီး ဦးရွှေဇင်နှင့် ဇနီး၊ လူမှုရေးရာ၀န်ကြီး ဦးအောင်ကျော်မိုးနှင့် ဇနီး၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ဇော်ဦးနှင့် ဇနီး၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်နှင့် ဇနီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ဇနီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ မဟာမုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးမြဝင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ၀န်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ လူမှုရေးရာ၀န်ကြီး ဦးအောင်ကျော်မိုး၊ ဂေါပကဥက္ကဋ္ဌ ဦးမြ၀င်းတို့မှ မီးထွန်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် သဲပုံစေတီအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စတုဒီသာ မဏ္ဍပ်များတွင် ကျွေးမွေး ဧည့်ခံနေမှုနှင့် အဆို/အကများဖြင့် ဧည့်ခံဖျော်ဖြေနေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး မဟာမြတ်မုနိဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ဘုရားကြီးရင်ပြင်တော် ထောင့်လေးထောင့်၌ ဆီမီး ၁၀၀၀၀ အား မီးထွန်းညှိပူဇော်ခဲ့ကြကြောင်း သတင်းရသည်။
ချမ်းမြေ့