တံတားဦးမြို့နယ် သူငယ်တော်တောရကျောင်းတိုက် တည်ထောင်ခြင်း (၃၂) နှစ်ပြည့်အထိမ်းအမှတ် (၁၅) ကြိမ်မြောက် သူငယ်တော်တောရ သာသနာလင်္ကာရအကျော် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

တံတားဦး မတ် ၂၄

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်တောရကျောင်းတိုက်တည်ထောင်ခြင်း (၃၂) နှစ်ပြည့် အထိမ်းအမှတ်နှင့် (၁၅) ကြိမ်မြောက် သူငယ်တော်တောရ သာသနာလင်္ကာရအကျော် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် သူငယ်တော်ရကျောင်းတိုက် လောကဝိမုတ္တိသိမ်တော်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

(၁၅) ကြိမ်မြောက် သူတော်တောရသာသနာလင်္ကာရအကျော်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကြွရောက် တော်မူလာကြသော ဆရာတော် သံဃာတော်များနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများက အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး၊ တံတားဦးမြို့နယ် သံဃာ့နာယက ဩဝါဒစရိယဂိုဏ်းထောက်ပရိယတ္တိစာတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တကောသလ္လထံမှ တပည့်ဒါယိကာ၊ ဒါယိကာမများက ကိုးပါးသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော်များက “ သဗ္ဗီတိယော ဝိဝဇ္ဇန္တု “ အစရှိသော ဆုတောင်းဂါထာများ ရွတ်ဖတ်ချီးမြှင့်ပေးတော်မူကြသည်။ ဆက်လက်၍ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်နာယကဆရာတော်၊ သူငယ်တော်တောရ စီမံအုပ်ချုပ်မှုဩဝါဒစရိယနှင့် စာမေးပွဲဖြစ်မြောက်ရေး ဦးဆောင်ဆရာတော် ဘဒ္ဒန္တသုဇာနာဘိဝံသ ဆရာတော်ထံမှ ဩဝါဒကထာ နာယူကြည်ညိုကြသည်။

ထို့နောက် (၁၅)ကြိမ်မြောက် သူငယ်တော်တောရသာသနာလင်္ကာရအကျော်ဘွဲ့လက်မှတ်၊ ဘွဲ့တံဆိပ်တော်နှင့် စာအောင်ဆုများကို သူငယ်တော်တောရစီမံအုပ်ချုပ်မှုဩဝါဒစရိယနှင့် စာမေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်ဆရာတော်က ဆက်ကပ်ချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံစိရံတိဌတု “ သုံးကြိမ်ရွတ်ဆိုပူဇော်၍ ရုပ်သိမ်းပေးကြသည်။ တံတားဦးမြို့နယ် သူငယ်တော်ရကျောင်းကို ၁၃၈၄-ခုနှစ် တပေါင်းလပြည့်တွင် စတင် တည်ထောင်ခဲ့ရာ ယနေ့တွင် သုံးဆယ်နှစ်နှစ်ပြည့်မြောက်ခဲ့ပြီး သူငယ်တော်တောရသာသနာ လင်္ကာရအကျော်စာမေးပွဲတွင် တတိယဆင့်၌ ဆရာတော်သံဃာတော် (၂၀၄)ပါးဝင်ရောက်ဖြေဆိုရာ(၇၁)ပါး၊  ဒုတိယဆင့်၌ ဆရာတော် သံဃာတော် (၆၀၂) ပါး ဝင်ရောက်ဖြေဆိုရာ(၃၁၆)ပါး၊ ပထမအဆင့်၌ ဆရာတော်သံဃာတော်( (၁၀၂၈)ပါး ဝင်ရောက်ဖြေဆိုရာ(၆၁၆)ပါး အောင်မြင်တော်မူကြောင်း ဘဒ္ဒန္တခေမာဝံသလင်္ကာရ၏မိန့်ကြားချက်အရ သိရသည်။

ဆက်လက်ပြီး စာအောင်ဆရာတော်သံဃာတော်များနှင့် နာယကဆရာတော်များကို တပည့်ဒါယိကာ၊ ဒါယိကာမအပေါင်းမှ မိမိတို့တက်စွမ်းသမျှ လောကဝိမုတ္တိသိမ်တော်အတွင်း၌ လောင်းလှူကြသည်။ သူငယ်တော်တောရသာသနာလင်္ကာရအကျော်စာမေးပွဲတွင် ထူးခွန်စွာအောင်မြင်ခဲ့သည့် ဆရာတော် သံဃာတော်အပါးရေ (၇၀၀) ရာရှိပါကြောင်း၊ ဒါ့အပြင် ယနေ့စာအောင်ဆရာတော်သံဃာတော်များအား လှူဒါန်းသည့် အလှူငွေမှာ ငွေကျပ်သိန်းပေါင်း (၆၇၆) သိန်းနှင့် (၉) သောင်းကျပ်ဖြစ်ကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)