မြင်းခြံမြို့နယ် ဂွေးပင်ရိုးကျေးရွာအုပ်စုမှ မီးဘေးသင့်အိမ်ထောင်စုများအား မြို့နယ်ကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

မြင်းခြံ    မတ် ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဂွေးပင်ရိုးကျေးရွာအုပ်စု တောင်ရှေ့ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က မီးဘေးသင့် အိမ်ထောင်စုများအတွက် တိုင်းဒေသကြီးကြက်ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို  မြို့နယ်ကြက်ခြေနီအသင်းက မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် တာဝန်ရှိသူများမှ မီးဘေးသင့် အိမ်ထောင်စုများထံသို့ ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးကြက်ခြေနီအသင်းမှ မီးဘေးသင့်အိမ်ထောင်စု (၁၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၇)မျိုး (မိသားစုအသုံးအဆောင်၊ တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်း၊ အိုးခွက်ပန်းကန်၊ ရေပုံး၊ မိုးကာ၊ တောင်သူသုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်း) တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဉက္က ဦးမြင့်ကြည်၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဉက္က ဦးမြင့်ဟန်နှင့် တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စု များ လက်ဝယ်အရောက်  ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အေးမြသက်(ပြန်/ဆက်)