သံဖြူဇရပ် မတ် ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကျေးရွာ၌ တပေါင်းလပြည့်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော ကျိုက်စောရေလယ်ဘုရားပွဲတော်ကို စက်စဲကမ်းခြေရှိ ရေလယ်ဆံ တော်ရှင်မြတ်ဘုရား၌ ကျင်းပပြုလုပ်ရာ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့ နံနက် အာရုံတက်အချိန်၌ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချအမျှဝေသည်။
အဆိုပါ ကျိုက်စောရေလယ်ဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့တွင်နှစ် စဥ်ကျင်းပမြဲဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား နံနက်အာရုံတက်အချိန်မှစ၍ နေ့လယ်ပိုင်းအထိ စက်စဲကမ်းခြေမှ ကျိုက်စောရေလယ်ဘုရားအထိ ဖောက်လုပ်ထားသည့် လျှေက်လမ်းမှတစ်ဆင့် သွားရောက်ဖူးမြော်ကြပြီး ဘုရားဖူးလာပြည်သူများအား ကျေးရွာနေအလှူရှင်များမှ စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းခြင်း၊ ထို့ပြင်ယနေ့ နံနက်ပိုင်းမှစ၍ စက်စဲကမ်းခြေတစ်လျှောက် ဘုရားဖူးလာပြည်သူများနှင့် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)