ကျိုင်းလပ်မြို့၌ မဲရုံများခင်းကျင်းပြင်ဆင်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုင်းလပ်      နိုဝင်ဘာ    

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု များ၌ မဲရုံများခင်းကျင်းပြင်ဆင်မှု အခြေအနေကို တာချီလိတ်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အခက်အခဲမရှိ အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်စေရေးအတွက် တာချီလိတ်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးကျော်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျိုင်းလပ်မြို့ရှိ မဲရုံ ရုံ ခင်းကျင်းပြင်ဆင်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်နှင့် မဲရုံလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် ချက်များ ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)