ရန်ကုန် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင်း ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းအသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း၊ ဆွေးနွေးမှုသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ရာ ကမာရွတ်မြို့နယ်ဒုတိယပညာရေးမှူး ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းကျန်းမာရေးလုပ်ငန်းစဥ် (၉)ရပ်ကို အကျယ်တဝန့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသူဆရာမ (၃၆) ဦးအား နည်းပြဆရာမများမှ Pretest ပြုလုပ်ခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များကို သင်ကြားပို့ချခြင်း၊ ကျောင်းကျန်းမာရေးမှတ်တမ်းကဒ် ဖြည့်သွင်းခြင်း လုပ်ငန်းဆိုင်ရာသုံးသပ်ချက်များ အားပို့ချခြင်း၊ (နည်းပြ) ဒေါက်တာသင်းသင်းနိုင်မှ ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ မိမိတို့ကျောင်းတွင်း ဆောင်ရွက်ချက်များအား အပြန်အလှန်ဆွေးနွေးခြင်း၊ (နည်းပြ) ဒေါ်မိုးမိုးခိုင်မှ ကျောင်းကျန်းမာရေး မှတ်တမ်းဖြည့်သွင်းခြင်း လုပ်ငန်းအမှတ်စဥ် (၁) မှ (၄)အထိ ဆွေးနွေးခဲ့ကြသည်။
အဆိုပါကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကဒ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးမှု သင်တန်းကာလ (၂) ရက်တာ သင်တန်း ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၃၆) ဦး တက်ရောက်ကြပြီး ကျန်းမာရေးဦးစီးဌာနမှ နည်းပြဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)