ပင်လောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိ

ပင်လောင်း  မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီအချိန်စတင်၍  စနစ်တကျထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း (၆၂၂)ဦးနှင့် ပင်လောင်းဘဏ်တွင် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများမှ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများတွင် လွိုင်ကော်မြို့နယ်မှ (၁၇၈)ဦး၊ ဖယ်ခုံမြို့နယ်မှ (၂၄၃)ဦးရှိကြောင်း အဆိုပါ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာငွေများ အဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်လတိုင်း (၂၁)ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိပြီး ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများကိုလည်း သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ပင်စင်လစာငွေများကို နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ ပင်စင်လစာငွေများ အဆင်ပြေစွာထုတ်ယူနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)