ခရမ်း နိုဝင်ဘာ ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နာမကျန်း ဖြစ်သူများနှင့် သားဖွားမိခင် မဲဆန္ဒရှင်ပြည်သူအား ကြိုတင်ဆန္ဒမဲကောက်ခံမှု များကို အောက်တိုဘာ လ(၂၉)ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၆၆)အုပ်စုတို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် မဲရုံများသို့ ကိုယ်တိုင် ကိုယ်ကျ လာရောက်ကာ မဲမပေးနိုင်သည့် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နာမကျန်း ဖြစ်သူများနှင့် သားဖွားမိခင် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးများကို မဆုံးရှုံး စေရန်အတွက် ကြိုတင်ဆန္ဒမဲများကို ကောက်ခံခြင်းဖြစ်ကြောင်း သိရပြီး ကြိုတင်ဆန္ဒမဲကောက်ခံခြင်း လုပ်ငန်းများ အောက်တိုဘာ(၂၉)ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ နေ့စဉ် ရပ်ကွက်၊ ကျေးရွာ အုပ်စု (၆၆)အုပ်စုတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)