မိုင်းခုတ် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့အဝင်/အထွက်ဂိတ်၌ ယမန်နေ့ ဖြတ်သန်းသွားလာသော ဆိုင်ကယ်များနှင့် မော်တော် ယာဉ်(၆)စီးမှ ခရီးသည်(၃၄)ဦးအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာထောက်ခံချက်များ ပါ/မပါစစ်ဆေးခြင်း၊ လက်သန့်ဆေးရေဖြင့် လက်သန့်စင်စေခြင်းနှင့် Mask မပါရှိသူများအား Mask အခမဲ့ဖြန့်ဝေပေးခြင်း တို့ကိုဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီထိ အလှည့်ကျတာဝန်ချစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးတင့်(ပြန်/ဆက်)